မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် ဇန်နဝါရီလ၂၆ ရက်နေ့က ဖမ်းဆီးရမိပစ္စည်းများနဲ့ ယာဉ် ၃ စီးအပါအဝင် တန်ဖိုး ကျပ် ၃၉၈၆ ဒသမ ၆၅၅ သိန်း ဖိုးရှိ

 

မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူ အကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ  ၂၆ ရက်နေ့က ကုန်တင်ယာဉ် (၃) စီးပေါ်မှ Back Hole  ယာဉ် ၅ စီးနဲ့ အခြားပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း Commerce Journal အတွဲ ၁၅ အမှတ် ၅ စာမျက်နှာ ၁၉ မှာ သတင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ဖြစ်စဉ်မှာ သတင်းပေးတိုင်ကြားချက်အရ သွင်းကုန် Duty  ယာဉ် ၃ စီး ဖြစ်တဲ့ Isuzu  ၆ ဘီး၊ ံ Hino  ၁၂ ဘီးနဲ့ Nissan  Diesel ၁၂ ဘီးယာဉ်များပေါ်မှ  USED Excavator ၅ စီး၊ ကားတာယာအဟောင်းများ၊ အလွိုင်းပါတာယာ၊ သံဂွေပါတာယာ၊ တာယာအဟောင်းအရွယ်စုံ၊ ဂုန်နီအိတ်၊ ပီနန်အိတ်၊ Battery ၊  အင်ဂျင်၊  ဂီယာဘောက်စ် (Used)၊ ကားရှော့ဘား (အဟောင်း)၊ ကားနောက်ကြည့်မှန်၊ ကားဟွန်း၊ ကားအပိုပစ္စည်းများ၊ မီးခွက်၊  ရှေ့မီးခွက်၊ နောက်ရောင်ပြန်မီးခွက်၊ ကားရောင်ပြန်မီးခြောက်၊ Fuse အရွယ်စုံ (အဟောင်း)၊ ဆလိုက်မီး (အဟောင်းပါ) မီးစက် တို့ဖြစ်ကြပြီး ယာဉ် ၃ စီးအပါအဝင်ပစ္စည်းရဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၃၉၈၆ ဒသမ ၆၅၅ သိန်းဖိုးရှိတယ်လို့ သိရပါတယ်။

                                                                                                                                                                            DCCA