“ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းအဖွဲ့ (Working Group on Competition and Consumer Protection – WGCCP)” အစည်းအဝေးသို့ တက်ရောက်ခြင်း

 

     ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင် ရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးနှင့်တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့သည့် “ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းအဖွဲ့ (Working Group on Competition and Consumer Protection – WGCCP)” အစည်းအဝေးသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-Korea Free Trade Area-AKFTA) အဆင့်မြှင့်တင်ရာတွင် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး အခန်း (Competition and Consumer Protection Chapter) အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်

         အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကိုရီးယားသမ္မတနိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။