“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုအဆင့်ဈေးကွက်ကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းနှင့် မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” လက်မှတ်ရေးထိုးခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇွန်လ ၁၆ ရက်၌ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆိုင်ရာ တွေ့ဆုံမှုအခမ်းအနားတွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုအဆင့်ဈေးကွက်ကြီးကြပ်ကွပ်ကဲမှု ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်း (State Administration for Market Regulation-SAMR) နှင့် မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။    အဆိုပါ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဖလှယ်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။   ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒနှင့် ဥပဒေ အကောင်အထည်ဖော်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှု ပတ်ဝန်းကျင် တည်ဆောက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။