အမေရိကန်-အီရန် ငြိမ်းချမ်းရေး သဘောတူညီချက် အလားအလာများကြောင့် ဒေါ်လာနှင့် ရေနံစျေးနှုန်းများကျဆင်းပြီး ရွှေစျေးနှုန်းမြင့်တက်လာ
အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက် အလားအလာများကြောင့် ဒေါ်လာနှင့် ရေနံစျေးနှုန်းများ ကျဆင်းခဲ့ကာ ငွေကြေးဖောင်းပွမှုအလားအလာကို လျော့ပါးသက်သာစေခဲ့ပြီး ရွှေစျေးနှုန်းမှာ ၁ % ကျော် မြင့်တက်လာခဲ့ကြောင်း၊ မေလ ၂၅ ရက်နေ့ ပေါက်ဈေးအရ ရွှေစျေးမှာ ၁.၂ % မြင့်တက်ကာ တစ်အောင်စလျှင် ဒေါ်လာ ၄,၅၆၁.၅၁ နှင့် ဇွန်လအတွက် ရွှေကြိုပွိုင့်စျေးနှုန်းမှာလည်း ၀.၉ % မြင့်တက်ပြီး ၄,၅၆၃.၈၀ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား ဖြေရှင်းရန် ခက်ခဲသော ပြဿနာအချို့ ရှိနေဆဲဖြစ်ပြီး ညှိနှိုင်းနေသည့် သီတင်း ၂ ပတ်အတွင်း ရေနံစျေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားပြီး ဒေါ်လာတန်ဖိုးသည် ၁ ပတ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် ရေနံစျေးနှုန်း က ငွေကြေးနှင့် ရွှေဈေးတို့အပေါ် လွှမ်းမိုးနေကြောင်း၊ ရေနံနှင့် ဒေါ်လာစျေးနှုန်း ကျဆင်းခြင်းသည် အချိန်တစ်ခုထိရှိနေဦးမည်ဟု ခန့်မှန်းထားပြီး အမေရိကန်ဗဟိုဘဏ် (Federal Reserve) ၏ ငွေကြေးမူဝါဒကို သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အမေရိကန် - အီရန် စစ်ပွဲစတင်ကတည်းက ရွှေစျေးနှုန်းသည် ၁၄ % ကျဆင်းခဲ့ပြီး စွမ်းအင်စျေးနှုန်းများ မြင့်မားမှုကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများနှင့် အမေရိကန်အတိုးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ခြေရှိသည့် အလားအလာများရှိကြောင်း UBS မှ လေ့လာဆန်းစစ်သူ ဂျိုဗန်နီစတာနိုဗို (Giovanni Staunovo) က ပြောကြားခဲ့သည်။ လက်ရှိ ငွေထည်စျေးနှုန်းမှာ တစ်အောင်စလျှင် ၇၇.၄၁ ဒေါ်လာဖြင့် ၂.၅ %၊ ပလက်တီနမ်ဈေးမှာ ၁,၉၅၉.၃၀ ဒေါ်လာဖြင့် ၁.၉ %၊ ပလေဒီယမ်စျေးမှာ ၁,၃၈၆.၀၀ ဒေါ်လာဖြင့် ၂.၈ % မြင့်တက်နေ ကြောင်း သိရှိရပါသည်။
ရင်းမြစ်-https://www.reuters.com/
