“ စီးပွားရေး သံမှူး အတွေ့အကြုံများ ဝေမျှခြင်း ” ခေါင်းစဉ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ -၂   Knowledge Sharing ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ပါသည်။ 

၂။         ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဒုတိယညွန်ကြား ရေးမှူး ဒေါ်ပပ က “ စီးပွားရေးသံမှူး အတွေ့အကြုံများ ဝေမျှခြင်း ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြ ခဲ့ပါသည်။

၃။         ဆွေးနွေးပွဲတွင် စီးပွားရေး သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများ နှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြချက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

၄။         ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးသွယ် က ဆွေးနွေးတင်ပြသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပ အား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

၅။           အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၉၀) ဦး၊  အမှုထမ်း (၅၅) ဦး ၊ စုစုပေါင်း (၁၄၅) ဦး တို့ တက်ရောက်ခဲ့ပါသည်။