ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) (မန္တလေး) (သတင်းအပြည့်အစုံ)

ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) (မန္တလေး) (သတင်းအပြည့်အစုံ)

၁။      ပို့ကုန်သွင်းကုန်ရုံး (မန္တလေး) တွင် ကုန်သွယ်မှုဆိုင်ရာအသိပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နှင့် ဖိတ်ကြားထားသော တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၁၂၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပို့ကုန်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် စုစုပေါင်း (၈၂) ဦး တက်ရောက်မည် ဖြစ်ပါသည်။