မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်ပို့ခွင့်အား တစ်နှစ်သက်တမ်းတိုးမြှင့်
နေပြည်တော်၊ ဧပြီလ ၁မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုအရ အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်အား ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အမိန့်ကြေငြာစာများ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
