ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း (အရာထမ်း) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချစ်ဆွေ က အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးခြင်း ( သတင်း အပြည့်အစုံ )
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဖွင့်လှစ် လျက်ရှိသည့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း (အရာထမ်း) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်နေသည့် အရာထမ်းများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချစ်ဆွေ က လုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီ အချိန်ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချစ်ဆွေ က အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် အတွေးအခေါ်မှန်ကန်ဖို့လိုကြောင်း၊ နိုင်ငံ့အကျိုး အတွက် အမြဲစဉ်းစားရန်လိုကြောင်း၊ အတွေးအခေါ်မှန်မှ အလုပ်မှန်မှာဖြစ်ကြောင်း၊ အရာထမ်းများ၊ အမှုထမ်းများအနေဖြင့် အလုပ်ကိုစွမ်းစွမ်းတမံ လုပ်တတ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် နှင့် နောက်လိုက်မတူကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေရသည့် ဘာသာရပ်ကို ပိုင်နိုင်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ ခိုင်းမှလုပ်တာကို မလုပ်စေချင်ကြောင်း၊ အရာရှိများသည် နိုင်ငံအတွက် ဝန်ထမ်းတွေဖြစ်ကြောင်း၊ တပည့်ကောင်းလျင် ဆရာကောင်းဖြစ်နိုင်ကြောင်း၊ အရာရာကို လေ့လာဖတ်ရှု့မေးမြန်း တည်ဆောက်ကြိုးစား အားထုတ်စေလိုကြောင်း မိမိတို့ ဝန်ကြီးဌာနသည် အများပြည်သူနှင့်ဆက်ဆံရသည့်ဌာနဖြစ်သည့်အတွက် လုပ်ငန်းရှင်များအား စိတ်စေတနာထားဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရာတွင် လုပ်ငန်းရှင်များအား မြေတောင်မြှောက်ပေးရန်လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်အောင်နေထိုင်ရန် အရေးကြီး ကြောင်း အစိုးရဝန်ထမ်းဖြစ်သည့်အတွက် နိုင်ငံကိုချစ်ရန် နှင့် စည်းကမ်းနှင့်နေထိုင်ရန် ရည်ရွယ်၍ အတွေ့အကြုံများဖြင့် နှိုင်းယှဉ်ကာ ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။
၃။ အဆိုပါ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးပွဲ သို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ နှင့် သင်တန်းသား၊ သင်တန်းသူ (၃၈) ဦး နှင့် စုစုပေါင်း (၅၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။
