အမှုထမ်းများအတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁၂/၂၀၂၅-၂၀၂၆) (သတင်းအပြည့်အစုံ)
အမှုထမ်းများအတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး
သင်တန်းအမှတ်စဉ် (၁၂/၂၀၂၅-၂၀၂၆)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များအား ဥပဒေဆိုင်ရာ အသိပညာများ ရရှိပြီး ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ရည်ရွယ်၍ အမှုထမ်းများအတွက်လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁၂ /၂၀၂၅ -၂၀၂၆) သင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး (၁၄) ဦး၊ ကုန်သွယ်ရေးဦးစီးဌာန (၇၆) ဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (၁၁) ဦး စုစုပေါင်း (၁၀၁) ဦး တို့ဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရုံးအမှတ် (၃) မြေညီထပ်၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကျင့်သုံးလျက် ရှိသောဥပဒေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သည့် အရာထမ်းများက ဆွေးနွေး ပို့ချမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ မှ မတ်လ (၉) ရက်နေ့ အထိ (၁၁) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါ သည်။
