လက်တွေ့အသုံးချ AI နည်းပညာ ( ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) (သတင်းအပြည့်အစုံ)
လက်တွေ့အသုံးချ AI နည်းပညာ ( ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်နိုင်ရေး၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ ဒီဂျစ်တယ်စနစ်ဖော်ဆောင်ရာတွင် AI နည်းပညာကို သိရှိနားလည် အသုံးချစေနိုင်ရန်အတွက် ရည်ရွယ်၍ လက်တွေ့အသုံးချ AI နည်းပညာ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၂) ရက်နေ့ အထိ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းတွင် ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်ရေးဦးစီးဌာန ၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုလွင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ ဦးစီးအရာရှိ ဒေါ်စုဝေနွယ်၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ ဦးစီးအရာရှိ ဦးဟိန်းထက်မောင် တို့မှ ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။
