လက်တွေ့အသုံးချ AI နည်းပညာသင်တန်း (သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အရာထမ်းများအား ဝန်ကြီးဌာန၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းရှင်များအသင်း MDEA နှင့် ပူးပေါင်း၍ လက်တွေ့အသုံးချ AI နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
၃။ အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း (၂၀) ဦး၊ စီးပွားရေးသံမှူးသင်တန်း တက်ရောက်ထားသော အရာထမ်း (၁၁) ဦး စုစုပေါင်း သင်တန်းသား (၃၁) ဦး တက်ရောက်၍ သင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။
