လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့် Aung  Kan  Bo  Motorcycle Industrial Co.,Ltd. မှ တင်သွင်းလာသော   တရုတ်နိုင်ငံထုတ် KENBO အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊   PMPG-EV   Myanmar Trading Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် Faw Volkswagen ID4 Crozz Pro အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် T&Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Sealion 07 လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၄-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။