စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၉၈ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ ဇူလိုင် ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူ များသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိပြီး ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ၉၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၁ အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၁၁ ဘူး၊ ငါးပိ ၂ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥ ၂၅ လုံး၊ ကြက်သွန်နီ ၅ ပိဿာနှင့် အသားတု ၁ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင်လည်း ငလျင်ဘေးသင့် ဝန်ထမ်းများ နှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၀ အိတ်၊ စားအုန်းဆီ ၁၁၀၀ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈ ထုပ်၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၈ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၁၀ ထုပ်၊ ကြက်ဥ ၇၄၂ လုံး၊ ဘဲဥ ၂၄၅ လုံးနှင့် ခေါက်ဆွဲခြောက် ၅၅ ထုပ်တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။