စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ မေ ၁၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်မှုဖြင့် ငါးကြင်း၊ ငါးတန်၊ ငါးမုတ်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင် ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဈေးကား (၁) စီးဖြင့် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများသို့ ငါးကြင်း ၅၅ ပိဿာ၊ ငါးတန် ၄၀ ပိဿာနှင့် ငါးမုတ် ၃၅ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်သောကြာနေ့တိုင်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။