စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအား လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန် ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီ တော်၊ တပေါင်းကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအား ပေးခဲ့သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် အရောင်းပြခန်းများ၌ ပြသရောင်းချ လျက်ရှိသော ဘိလပ်မြေရောင်းဝယ်မှုအခြေအနေများ၊ သံ၊ သံမဏိပစ္စည်းရောင်းချမှုအခြေနေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် သုတ်ဆေးများရောင်းချနေမှု အခြေအနေများ၊ အိမ်တွင်းအလှဆင်ပစ္စည်းရောင်းချရမှု အခြေအနေများ၊ လုပ်ငန်းသုံးမီးစက်ရောင်းချနေမှုအခြေ အနေများ၊ အဆောက်အဦဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့် သံလုံးဖြတ် စက်၊ သံချည်သံကွေးစက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်း လက်တွေ့ သရုပ်ပြလုပ် ဆောင်နေမှုအခြေအနေများအား ကြည့်ရှုပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ရဟန်းရှင်လူပြည် သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

          အဆိုပါ‌ရောင်းချပွဲ၏ ဆဋ္ဌမမြောက်နေ့အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် လုပ်ငန်း သုံးပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်ကျင်းပြသရောင်းချပေးလျက်ရှိပြီး အဆိုပါရောင်းချပွဲအား ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်‌နေ့အထိ ပြသရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သက်သာ သောဈေးနှုန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။