စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်း အိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေလ ၈ ရက်နေ့တွင် သုံးဆယ့်ကိုးရက်နေ့ မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဈေးကား(၈)စီးဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်ကုတင်(၁၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံ၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပင်စင်ဦးစီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၇၀ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၅ အိတ်၊ ဆီ ၁၇၆၀ ပိဿာ၊ ဆား ၈.၇၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၆၅ ထုပ်၊ ငါးပိ ၄ ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားထုပ် ၂၇ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားထုပ် ၂၅ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားထုပ် ၃၀ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားထုပ် ၂၅ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားထုပ် ၂၀ ထုပ်၊ ကြက်ဥ ၇၅၀ လုံး၊ ဘဲဥ ၁၀၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ထို့အတူ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။ 

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်း နှင့် ပြည်သူများသို့ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကြက်သား(အကောင်) ၂၅၀ ကောင် ၊ ကြက်ဥ ၇၅၀၀ လုံး၊ ဘဲဥ ၄၅၀၀ လုံး၊ ငုံးဥ ၂၀၀၀ လုံးတို့ကို အပတ်စဉ်ကြာသပတေးနေ့တိုင်း လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။

အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၉ အိတ်၊ စားအုန်းဆီ ၂၂၀၀  ပိဿာ၊ ဆား ၁ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၃ ထုပ်၊ ငါးပိ ၀.၅၀ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သားထုပ် ၃ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သားထုပ် ၂ ထုပ်၊ ကြက်ဥ ၂၄၀၀ လုံး၊ ဘဲဥ ၈၁၀ လုံးနှင့် ခေါက်ဆွဲခြောက် ၂၅ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ် ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။