ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ဆီ၊ဆားစသည့် ကုန်မျိုးစုံများအားသက်သာသောဈေးနှုန်းဖြင့် ဆယ့်ခြောက်ရက်မြောက်နေ့အဖြစ်လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဧပြီ ၁၄ 

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငါးပိနှင့်ကုန်မျိုး စုံဈေးကားများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာသက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၁၄ ရက် နေ့တွင် ဆယ့်ခြောက်ရက် မြောက်နေ့အဖြစ်ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေး ကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်း ကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်း အိမ်ရာများ၊ ခရေအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်း အိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ဆံ့(မနောသုခ-Export Quality) ၈၇၅၅ အိတ်၊ ဆန် ၅ ပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) ၁၉၄၅ အိတ်၊ ဆီ ၂၁၁၇၀ ပိဿာ၊ ဆား ၅၀ ကျပ်သားပါအိတ် ၁၇၀၀၊ ဆား ၂၅ ကျပ်သားပါအိတ် ၃၇၇၁၊ ငါးပိ ၂၀ ကျပ်သားပါဘူး ၁၀၄၀၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၄၅၃၀၊ ခေါက်ဆွဲခြောက်အထုပ်များကိုရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေး မည်ဖြစ်သည်။ 

အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၄၂၄ အိတ်၊ စားအုန်းဆီ ၃၀၈၀၀  ပိဿာ၊ ခေါက်ဆွဲခြောက် အထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ‌ဈေးကားလေးစီးဖြင့်ရောင်းချပေး လျက်ရှိရာ ယနေ့အထိ ဆန်၂၄ ပြည်ဆံ့ (‌ရွှေဝါထွန်း) ၂၂၄ အိတ်၊ စားအုန်းဆီ ၃၃၀၀ ပိဿာ၊ ကြက်ဥ ၄၃၆၀ လုံး၊ ကြက်သွန်နီ ၄၅၀ ပိဿာ၊ အသားတု ၁၅ ပိဿာတို့ကိုသက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။