ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့် ကုန်မျိုးစုံများအားသက်သာသောဈေးနှုန်းဖြင့် နှစ်ဆယ့်တစ်ရက်မြောက် နေ့အဖြစ် လှည့်လည် ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ ဧပြီ ၂၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုး စုံဈေးကားများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာ များသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် နှစ်ဆယ့်တစ်ရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလ သိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်း အိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည် ဆံ့(မနောသုခ-Export Quality) ၉၀၂၆ အိတ်၊ ဆန် ၅ ပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) ၂၀၆၃ အိတ်၊ ဆီ ၂၂၄၂၀ ပိဿာ၊ ဆား ၂၅ ကျပ်သားပါအိတ် ၃၈၇၂ ထုပ်၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၄၇၆၄ ထုပ်၊ ငါးပိ ၂၀ ကျပ်သားပါ ဘူး ၁၀၅၄၊ ငါးခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ကြက်ဥ အလုံး ၁၆၀၊ ဘဲဥ အလုံး ၆၀၊ ခေါက်ဆွဲခြောက်အထုပ်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေး သွားမည်ဖြစ်ပါသည်။
အလားတူ မန္တလေးမြို့တွင် ဈေးကား လေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိ ဆန် ၂၄ ပြည်ဆံ့ (မနောသုခ) ၄၄၄ အိတ်၊ စားအုန်းဆီ ၃၅၂၀၀ ပိဿာ၊ ဆား ၂၅ ကျပ်သားပါ ၅၀ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သားပါ ၄၅ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၄၅ ဘူး၊ ငါးခြောက် ၁၀ ကျပ်သားပါ ၅၁ ထုပ်၊ ကြက်ဥ ၆၂၈၈ လုံး၊ ဘဲဥ ၁၀၈၉ လုံး၊ ခေါက်ဆွဲခြောက်များကို ရောင်းချပေးခဲ့ကြောင်းနှင့် စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ဆံ့ (ရွှေဝါထွန်း) ၂၅၄ အိတ်၊ စားအုန်းဆီ ၃၆၉၀ ပိဿာ၊ ကုလားပဲ ဘူး ၄၀၊ ဆား ၂၅ ကျပ်သားပါ ၁၂ ထုပ်၊ ကုလားပဲ ၆၅ ဘူး၊ ငါးပိ ၇ ပိဿာ၊ ငါးခြောက် ၅ ပိဿာ၊ ကြက်ဥ ၄၅၃၁ လုံး၊ ဘဲဥ ၅၄ လုံး၊ ကြက်သွန်နီ ၄၅၀ ပိဿာ၊ အသားတု ၁၅ ပိဿာ၊ ပုဇွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချ ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။