ဓနုဖြူမြို့နယ်တွင် မတ်ပဲများ ထွက်ပေါ်လျက်ရှိပြီး တောင်သူအကျိုးအမြတ်ရ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ် ထွန်း လျက်ရှိရာ ဆောင်းသီးနှံဖြစ်သည့် မတ်ပဲများကိုလည်း ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၈၉,၃၃၄ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄၂,၈၂၄ ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ပေါ် လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မတ်ပဲပင်ထောင်မျိုးများကို စိုက်ပျိုးကြပြီးမတ်ပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုး ၆ ပြည်ခန့် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြ ကြောင်း၊ မတ်ပဲတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၇၀၀,၀၀၀ ကျပ် ကုန်ကျပြီး တစ်ဧကလျှင် ၁၂-၁၅ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူ မြို့နယ်အတွင်း ရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၍ ထိုမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(ဧရာဝတီ)