ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း (သတင်းအပြည့်အစုံ)
ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း ” နှင့်ပတ်သက်၍ ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းညွှန်ကြားချက်နှင့် ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်း၊ အသုံးစရိတ် ထုတ်ယူရန် ကြိုတင်စစ်ဆေးခြင်း၊ ရငွေအမျိုးအစားများ စာရင်းရေးသွင်းခြင်းနှင့် ယေဘူယျစည်းမျဉ်းများ အကြောင်း၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း နှင့် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို သိရှိနိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၇) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြ အဖြစ် ငွေစာရင်းဌာနခွဲ၊ ဒေါ်ခင်ဆွေမိုး၊ ဒေါ်အိအိလွင်၊ ဒေါ်သင်းသင်းနှင့် ဒေါ်ဥမ္မာသိန်း လက်ထောက် ညွှန်ကြားရေးမှူး (၄ ) ဦးတို့မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၁) ဦး တို့ တက်ရောက်ခဲ့ပါသည်။