မကွေးတိုင်းဒေသကြီး၌ ကုလားပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကူတုတ်ကျေးရွာအုပ်စုအတွင်းရှိ ညောင်တော၊ ညောင်ဘိုပင်၊ ရှစ်အိမ်တန်း၊ ဇီးကျွန်း၊ အောင်ချမ်းသာစသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကိုရာသီအလိုက် စိုက်ပျိုး လျက်ရှိရာ ကုလားပဲသီးနှံကို ဧက ၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ကုလားပဲသီးနှံကိုနိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဟော်လန်ကုလားပဲ(ဝါ)နှင့် V2 ကုလားပဲ(ဖြူ) မျိုးများကို ကြဲပက်စနစ်ဖြင့်သော်လည်းကောင်း၊ အတန်းလိုက်စနစ်ဖြင့်သော်လည်းကောင်းစိုက်ပျိုးကြကြောင်း၊ မျိုး၊ မြေပြုပြင်ခြင်း၊သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈ သိန်းခန့်ကုန်ကျကြောင်း သိရသည်။

          ယခင်နှစ်က ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၅ သိန်းခန့် ကုန်ကျခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကုလားပဲ ၁၅ တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင်ကုလားပဲစိုက်ခင်း များမှာ အဖူး၊ အပွင့်ဝေဝေဆာဆာဖြင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွန်နှုန်းကောင်းမွန်ပါက အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)