ပန်းတိမ်ငိုပန်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိ

Tue, 08/27/2024 - 04:26 -- mocadmin

   မကွေးတိုင်းဒေသကြီးရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းနှင့် နတ်မောက်မြို့နယ်များရှိ ကျေးရွာများ၌ နှမ်း၊ မြေပဲ၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ပန်းတိမ်ငိုပန်းများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပန်းတိမ်ငိုပန်း ၆  ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ပန်းတိမ်ငိုပန်းမျိုးများကို ပြင်ဦးလွင်မှ မှာယူပြီး စိုက်ပျိုးရာတွင် မြေကိုဘောင်ခတ်ပြုပြင်၍ ပင်ကြားတန်းကြား စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊  မျိုးအနေဖြင့် ပန်းတိမ်ငိုပန်း (အဖြူ) မျိုးနှင့် (ခရမ်း) မျိုးများကို စိုက်ပျိုး၍ တစ်ဧကလျှင် မျိုးဥ ပိဿာချိန် ၃၀၀-၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ ပန်းတိမ်ငိုပန်းသည် အစိုဓာတ်ရှိသော မြေ၌ အောင်မြင်ဖြစ်ထွန်းပြီး ဧပြီလတွင် စိုက်ပျိုး၍ ဇွန်လတွင် စတင်ခူးဆွတ်ရောင်းချကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၅ သိန်းခန့် ကုန်ကျပြီး ရောင်းတန်းဝင် ပန်းပင်အရေအတွက် ၇၅,၀၀၀ ခန့် ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၈၂ သိန်းခန့်ရရှိကာ စိုက်ပျိုးတောင်သူ များအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းကျေးရွာများမှ လာရောက် ဝယ်ယူမှုများရှိသည့်အပြင် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့တို့ရှိ ပန်းအရောင်းဆိုင်ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages