ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဒုတိယအကြိမ်မြောက် ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူ ပြည်သူများ သင့်တင်မျှတသော ဈေးနှုန်း များဖြင့် အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများမပြတ်လပ်ရေးအတွက် ရည်ရွယ်၍ နေပြည်တော်၊ ပျဉ်းမနားမြို့ “မင်္ဂလာကန်တော်ခန်းမ” (မြင်းရုပ်အနီး) ၌ “ဒုတိယအကြိမ်မြောက် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ” အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ (တနင်္လာနေ့မှ သောကြာနေ့) အထိ ၅ ရက်တိုင်တိုင် နေ့စဉ် (နံနက် :၀၀ နာရီမှ ညနေ :၀၀ နာရီအထိ) ဖွင့်လှစ်၍ ဆေးကုမ္ပဏီ ၄၀ မှ ဆေးဝါးမျိုးစုံတို့အား ပါဝင်ပြသ ‌ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ဆေးဝါးဝယ်ယူရာ၌ ဝယ်ယူ၍မရသော အခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်း ဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသော အလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန် အတွက် ဆွေးနွေးတိုင်ပင်၊ လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲတွင် ဆရာဝန်များနှင့် ဆေးဝါး နားလည် ကျွမ်းကျင်သူများအား ထားရှိကာ ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လည်း အရောင်းစင်တာများကို ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက် ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား အဆိုပါဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရှိရသည်။

          မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပထမအကြိမ် ဆေးဝါး တိုက်ရိုက် ရောင်းချပွဲများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။