ဆိပ်ဖြူမြို့နယ်တွင် ပဲစောင်းလျားသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲစောင်းလျားသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလာကြပြီး အောက်တိုဘာလတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် အသီးများစတင်ခူးဆွတ် ရောင်းချရကြောင်း၊ ထိုင်ဝမ်မျိုးများကို မြေအောက်ရေတင်စနစ်ဖြင့် ရေသွင်း စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် အလုပ်သမားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ မြေအမျိုးအစား၊ သီးနှံအောင်မြင်ဖြစ်ထွန်းမှုနှင့် သွင်းအားစုသုံးစွဲမှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နှင့် ချောက်မြို့တို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲစောင်းလျားသီးနှံများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသော ကြောင့် အကျိုးအမြတ်များစွာ ရရှိကြောင်း သိရသည်။

DOCA (မကွေး)