“VALIDATION WORKSHOP FOR THE UPDATED ASEAN PEER REVIEW GUIDANCE DOCUMENT”
“အာဆီယံအဆင့်တူချင်း သုံးသပ်မှုလမ်းညွှန်ချက် မွမ်းမံရေး အလုပ်ရုံဆွေးနွေးပွဲ” (Validation Workshop for the Updated ASEAN Peer Review Guidance Document)” ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင် Mr. Raksagecha Chaechai က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အာဆီယံအဆင့်တူချင်း သုံးသပ်မှုလမ်းညွှန်ချက်တွင် ရှေ့ပြေးသုံးသပ်ချက်ကျင့်သုံး ဆောင်ရွက်မှုများအပြင် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာ လတ်တလောတိုးတက်မှုများကိုပါ ထည့်သွင်းစဉ်းစား၍ ပြုပြင်မွမ်းမံသွားရမည် ဖြစ်ပါသည်။ ထိုသို့ လမ်းညွှန်ချက်တွင် ပြင်ဆင်သင့်သည့်အချက်များ၊ ထပ်မံ ထည့်သွင်းသင့်သည့်အချက်များကို ဆွေးနွေးသွားနိုင်ရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ၏ အဆင့်တူချင်း သုံးသပ်မှုအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။