ကန့်ဘလူခရိုင် ကွမ်းဈေးနှုန်းဈေးကွက်

Mon, 08/05/2024 - 08:52 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ကွမ်းများကို ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။

   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ် မူတည်၍ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် ကွမ်းရွက် (ရှယ်) တစ်ပိဿာလျှင် ငွေကျပ် ၄,၀၀၀ ဖြင့် လည်းကောင်း၊ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် ငွေကျပ် ၂,၀၀၀ ဖြင့်လည်းကောင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကွမ်းဝင်ရောက်မှုအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages