အမေရိကန်အစိုးရသစ်ကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ် သက်ရောက်လာနိုင်မှုများ
အမေရိကန်နှင့်ကမ္ဘာ့နိုင်ငံများ၏ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများ၊ အကောက်ခွန်အဆိုပြုချက် အသစ်များနှင့် လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေသော ထောက်ပံ့ရေးကွင်းဆက်စိန်ခေါ်မှုများ ကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေး အခင်းအကျင်းသည် ပြန်လည်ပုံဖော်လျက်ရှိနေပါသည်။
ရွေးကောက်ခံသမ္မတ Trump က ပထဝီနိုင်ငံရေးနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ ကြားမှ အကောက်ခွန်နှုန်း ပြောင်းလဲရန် ခြိမ်းခြောက်ခဲ့မှုသည် တင်သွင်းမှုပုံစံများ၊ ကုန်စည် ပို့ဆောင်နှုန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်ဗျူဟာများတွင် သိသာသောပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
အကာအကွယ်ပေးမှု မူဝါဒများ
သမ္မတ Trump ၏ ပထမအကြိမ်သက်တမ်းသည် ပြင်းထန်သော ကုန်သွယ်မှုမူဝါဒများကြောင့် အမှတ်ထင်ထင်ဖြစ်ခဲ့သလို ဒုတိယအကြိမ်သက်တမ်းတွင်လည်း တရုတ်နှင့် အခြားအဓိက ကုန်သွယ်ဘက်များအပေါ် အကောက်ခွန်အခြေခံ မဟာဗျူဟာများဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့ ပါသည်။ Trump အဆိုပြုခဲ့သော အကောက်ခွန်နှုန်းများမှာ အမေရိကန်သို့ သွင်းကုန်အားလုံး အပေါ် ၁၀-၂၀ %၊ တရုတ်မှ သွင်းကုန်များအပေါ်၆၀-၁၀၀ % နှင့် တရားမဝင်မူးယစ်ဆေးဝါး ကုန်သွယ်မှုများ မရပ်တန့်သရွှေ့ ကုန်ပစ္စည်း အားလုံးအပေါ် ထပ်တိုးအခွန်စည်းကြပ်မှု ၁၀% တို့ဖြစ်ပါသည်။
အခွန်အခများပြားလာသဖြင့် အဝတ်အထည်၊ ကလေးကစားစရာ၊ ပရိဘောဂနှင့် အိမ်သုံးပစ္စည်း များအတွက် စားသုံးသူကုန်ကျစရိတ် မြင့်တက်လာနိုင်သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်အဝတ် အထည်များအပေါ် အကောက်ခွန်ကောက်ခံမှုကြောင့် အမေရိကန် ကုမ္ပဏီများနှင့် စားသုံးသူများ အား အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ကုန်ကျစေခဲ့ပြီး အဆိုပြုအကောက်ခွန်အသစ်ကြောင့် စားသုံးသူများအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံမှ ၂၄ ဘီလီယံကြား ကုန်ကျ မည်ဟု ခန့်မှန်းထားကြပါသည်။
ထပ်လောင်းအခွန်စည်းကြပ်မှုများကြောင့် သင်္ဘောဖြင့် ပစိဖိတ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု ပမာဏ လျှော့ချနိုင်ပြီး ထောက်ပံ့ရေးကွင်းဆက်များသည် အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် လက်တင်အမေရိကတို့သို့ ထပ်ခွဲသွားနိုင်သည့်အပြင် ကမ္ဘာ့သင်္ဘောလမ်းကြောင်းများ ပြောင်းလဲကာ အာရှမှ ကွန်တိန်နာ သင်္ဘောပိုဆောင်မှု လိုအပ်ချက်လျော့နည်းစေမည်ဖြစ်သည်။
အခွန်ကောက်ခံခြင်းမပြုမီ သွင်းကုန် တရှိန်ထိုး တိုးတက်လာနိုင်ခြင်း
စီးပွားရေးလုပ်ငန်းများသည် သင်္ဘောအမြန်တင်ပို့မှုကြောင့် ကုန်ကျစရိတ်တိုးလာမှုကို ရှောင်ရှား ရန် သင်္ဘောနေရာလွတ်ရရှိရေးမှာ အရေးကြီးလာပြီး သွင်းကုန်လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လာနိုင်ပါသည်။ ထို့သို့ သွင်းကုန်တရှိန်ထိုး တိုးတက်လာပါက လက်ရှိဖြစ်ပွားနေသည့် ထောက်ပံ့သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း အခြေခံအဆောက်အဦ၏ ဖိအားများ ပိုမိုများပြား လာမည်ဖြစ်ကာ အထူးသဖြင့် လုပ်ငန်းဆောင်ရွက်မှုအများဆုံးကာလ (peak season) တွင် ပိုမိုကျပ်တည်းစေမည်ဖြစ်ပါသည်။
ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ခ နှုန်းတားများမတည်ငြိမ်ခြင်း
အကောက်ခွန်အသစ်များကြောင့် သင်္ဘောတင်ခများလည်း ဈေးကြီးလာနိုင်ကာ အထူးသဖြင့် ပစိဖိတ်ဖြတ်ကျော်လမ်းကြောင်းများဖြစ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်မှုကို စိုးရိမ်သော ကုမ္ပဏီများ သည် တရုတ်နိုင်ငံ ပြင်ပလမ်းကြောင်းများကို ရှာဖွေမည်ဖြစ်ပြီး Trump က မက္ကဆီကိုနှင့် ကနေဒါမှလာသော ကုန်စည်အားလုံးအပေါ် အခွန် ၂၅ % ကောက်ခံမည်ဟု ပြောကြားထား ပါသည်။
ထောက်ပံ့ရေးကွင်းဆက်စိန်ခေါ်မှုများတိုးမြှင့်ခြင်း
အလုပ်သမားဆိုင်ရာညှိနှိုင်းမှုများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် အပြီးမသတ်နိုင်ပါက မြောက် အမေရိက၏ ထောက်ပံ့ရေးကွင်းဆက်များတွင် အလုပ်သမားအငြင်းပွားမှုများ ဆက်လက် ခြိမ်းခြောက်နေမည်ဖြစ်ပါသည်။ တပြိုင်တည်းမှာပင် မွန်ထရီရယ်နှင့် ဗန်ကူးဗားဆိပ်ကမ်းများ အား မကြာသေးမီကပိတ်ဆို့ထားမှုများသည် ကုန်သွယ်စီးဆင်းမှုများကို အနှောင့်အယှက်ဖြစ်စေ ခဲ့ပြီး Halifax အပါအဝင် အခြားဆိပ်ကမ်းများအား ဂယက်ရိုက်ခဲ့ပါသည်။
ဒုတိယအကြိမ် Trump အစိုးရသည် အမေရိကန်အကျိုးစီးပွားကို ရှေးရှုနိုင်ရေး ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ သဘောတူညီချက်များကို ပြန်လည်ပြင်ဆင်ခြင်းအပါအဝင် နိုင်ငံတကာကုန်သွယ်ရေး သဘောတူညီချက်များမှ နုတ်ထွက်ရန် ဦးစားပေးလုက်ဆောင်နိုင်ပါသသည်။ထို့ကြောင့် မြောက် အမေရိက၏ ကုန်သွယ်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကမာ္ဘ့သင်္ဘောလိုင်းများ အတွက် မသေချာမှုများဖြစ်စေနိုင်သည်။ ထို့အပြင် အထဝီဝင်နိုင်ငံရေး တင်းမာမှုများ ပိုမိုမြင့်မား လာကာ အရေးကြီးရေလမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ်တွင် သက်ရောက်မှုရှိနိုင်ပါ သည်။
အကောက်ခွန်မသေချာမှုများ၊ အလုပ်သမားအငြင်းပွားမှုများနှင့် ဝယ်ယူမှုဗျူဟာအပြောင်းအလဲ များကြောင့် ကမာ္ဘ့ကုန်သွယ်မှုအတွက် စိန်ခေါ်မှုကာလ ဖြစ်ပြီး ကုန်ကျစရိတ်မြင့်တက် လာခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် သင်္ဘောလိုင်းများ ရေရှည်တွင် ခက်ခဲလာနိုင်ကာ စီးပွားရေးတည်ငြိမ်မှုအတွက် ပိုမိုကျယ်ပြန့်သော ဂယက်ရိုက်ခတ်မှုများ တွေ့ကြုံရမည်ဖြစ်သည်။
ရင်းမြစ်။ https://metro.global/news/