ကျောက်ဆည်ခရိုင်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါများ ထွက်ရှိ၍ အရောင်းအဝယ်ဖြစ်

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ဝါသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက အနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၃,၃၂၅ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၉,၄၂၇ ဧက၊ မြစ်သားမြို့ နယ်တွင် ၅,၃၀၀ ဧက၊ စုစုပေါင်း ၂၈,၀၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

မိုးနှောင်းချည်မျှင်ရှည်ဝါများကို သြဂုတ်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် စတင် ရိတ်သိမ်းရကြောင်း၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်စနစ်ဖြင့်  စိုက်ပျိုးကြပြီး မျိုး အနေဖြင့် အိန္ဒိယ(ရာကာ)မျိုးများဖြစ်သော (၃၃၃)လုံး၊ (၆၆၆)လုံးနှင့် (၉၉၉)လုံးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဝါမျိုးစေ့ ၁၂-၁၃ ပိဿာခန့်  စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၅၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ချည်မျှင်ရှည်ဝါ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၄၀၀-၅၀၀ ခန့် ထွက်ရှိ ပြီး၊ တစ်ပိဿာလျှင် ၂,၉၀၀-၃,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ဧကလျှင် ငွေကျပ် ၈၅၀,၀၀၀‌ အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်း ချပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ဝါအထွက်နှုန်း ကောင်းမွန်လျက်ရှိသောကြောင့် တောင်သူများအကျိုးအမြတ်ရလျက်ရှိကြောင်း ဝါစိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)