မကွေးမြို့နယ်တွင် ပဲကြီးဖြူသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယား၊ ပေါက် တော၊ ကိုးပင်ကွေ့ကျေးရွာများတွင် ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးဖြူသီးနှံကို ဧက ၁၂၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ပဲကြီးဖြူကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ မျိုးအနေ ဖြင့် ပဲကြီးဖြူ(လတ်)မျိုးကို ထွန်ကြောင်းဆွဲ၍ အစေ့ချစနစ်ဖြင့် တစ်ဧကလျှင် ၅ ပြည်ခန့် စိုက်ပျိုးရ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၄၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၃ - ၁၅ တင်းခန့်ထွက်ရှိပြီး ငွေကျပ် ၇၅၀,၀၀၀ ခန့် အမြတ်ရရှိကြောင်း သိရသည်။
နိုဝင်ဘာလ၊ ပထမပတ်တွင် ပဲကြီးဖြူ တစ်တင်းလျှင် ငွေကျပ် ၈၅,၀၀၀ - ၉၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်ပဲလှော်လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း၊ ပဲကြီးဖြူ သည် ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရလွယ်ကူသည့် သီးနှံဖြစ်သောကြောင့် နှစ်စဉ်စိုက်ပျိုးလျက် ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)