တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးနှံဈေးကောင်းရ၍ တောင်သူများအကျိုးအမြတ်ရ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးနှံ ၂၀ ဧကခန့် စိုက်ပျိုးထား ရှိကြောင်း သိရသည်။
ငရုတ်သီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် သာမို ၉၀၀ နှင့် သာမို ၉၉၉ မျိုးများကို စိုက်ပျိုးရေး ဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးအိတ်ဖြင့် ပျိုးထောင် ကာ ပျိုးပင်၂၅-၃၀ ရက်သားအရွယ်တွင် မြေသို့ချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဩဂုတ်လတွင် မြေချစိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁,၈၀၀,၀၀၀ ခန့်ကုန်ကျပြီး တစ်ဧက လျှင် ပိဿာ ၇၀၀-၈၀၀ ခန့်ထွက်ရှိ၍ တောင်သူအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁,၇၀၀,၀၀၀ ခန့် ရရှိကြောင်း သိရသည်။
နိုဝင်ဘာလ၊ ပထမပတ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် လက်ကားဈေး ၅,၀၀၀-၅,၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့သို့ တင်ပို့ရောင်းချ ပြီး ထိုမှတစ်ဆင့် မကွေးမြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်ငရုတ်သီး အထွက်နှုန်း လျော့နည်းသော်လည်း ငရုတ်သီးထွက်ပေါ်ခူးဆွတ်ချိန်တွင် ဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
DOCA (မကွေး)