ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ ပြန်လည်ပြုပြင်ရာတွင် ဗီယက်နမ်နိုင်ငံ၏ အခန်းကဏ္ဍကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က မီးမောင်းထိုးပြခဲ့

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က အောက်တိုဘာ ၁၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် “ ကမ္ဘာ့ကုန်သွယ်မှု အလားအလာနှင့် စာရင်းအင်းများ ” စာအုပ်၌ ဗီယက်နမ်နှင့်မက္ကဆီကိုနိုင်ငံတို့ကို ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ ပြန်လည်ပြုပြင်ရာတွင် အမေရိကန်ဈေးကွက်သို့ ကုန်စည်အများစု တင်ပို့သည့် ဝန်ဆောင်မှုပေးသော “ ဆက်စပ်နိုင်ငံများ ” အဖြစ် အတည်ပြုခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေး တိုးတက်မှုအပေါ် မူလက ခန့်မှန်းထားခဲ့သည့်၂၀၂၄ ခုနှစ်အတွက် ၂.% အစား.၇ %၊ ၂၀၂၅ ခုနှစ်တွင် ၃.% အစား  ၃.၀ % သို့ ပြင်ဆင်ခန့်မှန်းခဲ့ပါသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်၌ အာရှတိုက်သည် ထုတ်လုပ်မှု ၄.၀ % ဖြင့် တိုးတက်မှု အမြင့်ဆုံးဒေသ အဖြစ်လည်းကောင်း၊ ဥရောပသည် ထုတ်လုပ်မှု ၁.% ဖြင့် တိုးတက်မှု အနိမ့်ဆုံးဒေသ အဖြစ်လည်းကောင်း ခန့်မှန်းထားပါသည်။

၂၀၂၄ ခုနှစ်တွင် ဥရောပသည် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုအပေါ် ဆက်လက်မှီခိုနေကာ သွင်းကုန် / ပို့ကုန် နှစ်မျိုးလုံး ကျဆင်းမည်ဖြစ်ကြောင်း၊ ဥရောပမှ အဓိကအားဖြင့် ဓာတုပစ္စည်းများနှင့် မော်တော်ယာဉ်တင်ပို့မှုများ ကျဆင်းမည်ဖြစ်ကြောင်း၊ အခြားဆေးဝါးများ ထုတ်လုပ်ရာတွင် ထည့်သွင်းရသည့် အော်ဂဲနစ်ဓာတုပစ္စည်းများသည်လည်း ကပ်ရောဂါဖြစ်ပွားမှုနောက်ပိုင်း အဝယ်လိုက်လာကြောင်း၊ မော်တော်ယာဉ် ကဏ္ဍတွင် တိုးတက်မှုဆုတ်ယုတ်သွားခြင်းမှာ တန်ဖိုးကွင်းဆက်တလျှောက် ကြီးမားသောရိုက်ခတ်မှု များကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သုံးသပ်ထားပါသည်။ 

ဥရောပသို့ သွင်းကုန်များတွင် စက်ပစ္စည်းတင်သွင်းမှု လျော့ကျခဲ့ပြီး တရုတ်နိုင်ငံမှ စက်ပစ္စည်းများ တင်သွင်းမှု သိသိသာသာ လျော့ကျခြင်းကြောင့်ဖြစ်ကြောင်း၊ အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်ကဲ့သို့ ပထဝီနိုင်ငံရေးအရ မိတ်ဖက်နိုင်ငံများမှ သွင်းကုန်များလည်း ကျဆင်းနေကာ အိန္ဒိယနှင့် ဗီယက်နမ်တို့ မှ သွင်းကုန်များ မြင့်တက်နေသဖြင့် ၎င်းတို့ကို “ ချိတ်ဆက်စီးပွားရေးနိုင်ငံများ ” အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း  ဖော်ပြထားပါသည်။

ဆန့်ကျင်ဘက်အားဖြင့် အာရှပို့ကုန်ကဏ္ဍတွင် တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားကဲ့သို့ အဓိက ကုန်ထုတ်နိုင်ငံများ၏ တွန်းအားပေးမှုကြောင့် ပြန်လည်ကောင်းမွန်လာသော်လည်း ဂျပန် ပို့ကုန်သည် ၂၀၂၃ ခုနှစ်တွင် ကျဆင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်နေပါသည်။ အာရှ၏ သွင်းကုန်ပိုင်းတွင် ရောထွေးနေပြီး တရုတ်၏သွင်းကုန်တိုးတက်မှုမှာ အသင့်အတင့်ရှိကာ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့အပါအဝင် အခြားအာရှနိုင်ငံများသည် တိုးတက်မှု အားကောင်းနေပါသည်။

အာရှနိုင်ငံအများအပြားသည် ပို့ကုန်နှင့် သွင်းကုန်နှစ်ခုလုံးတွင် ကြီးမားစွာ တိုးတက်လာသည်ကိုတွေ့ရ ပြီး တောင်အမေရိကနှင့် ဥရောပနိုင်ငံများတွင် သွင်းကုန်၌ အထူးသဖြင့် ကျဆင်းသွားခဲ့ပါသည်။ ဥပမာ အားဖြင့်၊ ဗီယက်နမ်၏ ပို့ကုန်နှင့် သွင်းကုန်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၆ % နှင့် ၁၈ % အသီးသီး မြင့်တက်လာခဲ့သလို စင်္ကာပူသည်လည်း ပို့ကုန် ၆ % နှင့် သွင်းကုန် ၉ % တိုးတက်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ရင်းမြစ်။        Vietnam News Agency