တရုတ်လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်နိုင်ရေး မဲခွဲဆောင်ရွက်နေရသည့် အီးယူ

တရုတ်လျှပ်စစ်ကားများအပေါ် သွင်းကုန်အခွန် ၄၅ % ကောက်ခံရန် သင့်/မသင့်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ပါသည်။ တရုတ်၏ တုန့်ပြန်လာနိုင်မှု စိုးရိမ်နေရသော အဆိုပါကိစ္စသည် အီးယူအတွက် အကြီးမားဆုံး ကုန်သွယ်မှုကိစ္စဖြစ်ပါသည်။ မူဝါဒများချမှတ်ပေးသည့် ဥရောပကော်မရှင်က တရုတ်၏ ထောက်ပံ့မှုများအပေါ် တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုအပြီးတွင် ပြန်လည်တုန့်ပြန်ရန် နောက်ငါးနှစ်အတွက် ကောက်ခံသင့်သည့် အခွန်နှုန်းများ အဆိုပြုခဲ့ပါသည်။

အီးယူ၏ စည်းမျဉ်းများအရ အဖွဲ့ဝင် ၁၅ နိုင်ငံမှ လူဦးရေ ၆၅ % က အခွန်ကောက်ခံမှုကို မကန့်ကွက်ပါက နောင် ၅ နှစ်အတွင်း အခွန်စည်းကြပ်နိုင်မည်ဖြစ်ပါသည်။ ပြင်သစ်၊ ဂရိ၊ အီတလီနှင့် ပိုလန်တို့က အခွန်စီးကြပ်ခြင်းအပါ် ထောက်ခံခဲ့ကြပြီး ဥရောပ ဒေသတွင်း အဓိကကားထုတ်လုပ်သူ ဂျာမနီက အခွန်စည်းကြပ်မှုကို ကန့်ကွက်ကြောင်း သိရှိရပါသည်။ လုံလောက်သော ထောက်ခံမှုမရရှိပါက အခွန်နှုန်းအဆိုပြုချက်ကို ပြန်လည်ပြင်ဆင် တင်သွင်းနိုင်ပါသည်။ 

စပိန်စီးပွားရေးရာဝန်ကြီးက အီးယူအနေဖြင့် အခွန်စည်းကြပ်ခြင်းအစား စျေးနှုန်းလျော့ချရေး၊ ဘက်ထရီကို ဥရောပ၌ ပြောင်းရွှေ့ထုတ်လုပ်ရေးတို့ကို ဆက်လက်ညှိနှိုင်းခြင်းသည် မဲခွဲနေခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ဥရောပကော်မရှင်၊ ဒုတိယဥက္ကဌသို့ ပေးပို့ခဲ့သည့်စာတွင် ဖော်ပြခဲ့သည်။ စပိန်ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ်၌လည်း အီးယူအနေဖြင့် ၎င်း၏ ရပ်တည်ချက်ကို ပြန်လည်စဉ်းစား သင့်ကြောင်း ပြောကြားခဲ့သည်။ 

ယခုနှစ်အတွင်း အီးယူ၏ ဘရန်ဒီ၊ နို့ထွက်ပစ္စည်းနှင့် ဝက်သားတင်သွင်းမှုတွင် ပေကျင်းက လက်တုံ့ပြန်သည့်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့မှုအပေါ် အီးယူအဖွဲ့ဝင်အချို့က စိုးရိမ်နေကြသည်။ သို့သော် ပြီးခဲ့သည့် ၅ နှစ်အတွင်း အီးယူသည် တရုတ်အပေါ် တင်းမာစွာရပ်တည်ခဲ့ရာမှ ယခုအခါ အချို့ကိစ္စများတွင် အလားအလာရှိသော ကုန်သွယ်ဖက်အဖြစ်လည်းကောင်း၊ စနစ်ကျသော ယှဉ်ပြိုင်ဘက် အဖြစ်လည်းကောင်း ပြောင်းလဲခဲ့ပါသည်။ 

တရုတ်၏ ပို့ကုန်လျှပ်စစ်ကား အပိုနှစ်စဉ် ထုတ်လုပ်နိုင်မှုပမာဏ ၃ သန်း သည် ဥရောပစျေးကွက်ထက် ၂ ဆ ဖြစ်ပြီး အမေရိကန်နှင့် ကနေဒါတို့မှ ၁၀၀ % သွင်းကုန်ခွန်ကောက်ခံမှုကြောင့် အဆိုပါလျှပ်စစ် ကားများ အဓိကတင်ပို့မှုမှာ ဥရောပသို့ ဖြစ်ပါသည်။

ဥရောပသမဂ္ဂကော်မရှင်က အခွန်စည်းကြပ်ရေးအတွက် အခြားနည်းလမ်းများကို တရုတ်နှင့်ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကာ ယခင်တရုတ်မှ ငြင်းပယ်ခဲ့သည့် အနိမ့်ဆုံးသွင်းကုန်စျေးနှုန်းနှင့် အများဆုံးသွင်းကုန်ပမာဏတို့ကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနိမ့်ဆုံးသွင်းကုန်စျေးနှုန်းတွက်ချက်ရန် နည်းလမ်းများအနက် မောင်းနှင်နိုင်မည့် အကွာအဝေး၊ ဘက်ထရီစွမ်းဆောင်ရည်နှင့် လျှပ်စစ်ကားအရှည်၊ နှစ်ဘီးယက် သို့မဟုတ် လေးဘီးယက် စနစ်တို့ကဲ့သို့သော စံနှုန်းများကို အသုံးပြု၍ တွက်ချက်ခြင်း  ပါဝင်ကြောင်း၊ အခွန်နှုန်းများတွင် Tesla အတွက်.%၊ အီးယူ၏ စုံစမ်းမှုတွင် ပူးပေါင်းမှုမရှိသော ကားများအတွက် ၃၅.% ကောက်ခံသွားမည် ဖြစ်ပြီး ၎င်းမှာ အီးယူ၏ မော်တော်ကားသွင်းကုန်ခွန် စံနှုန်း ၁၀% ထက် များပြားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရင်းမြစ်။        Reuters