ဌစလချုပ်အား Accountung Software ဖြင့် ရေးသွင်းခြင်းသင်တန်း (သတင်းအပြည့်အစုံ)

ဌစလချုပ်အား Accountung Software ဖြင့် ရေးသွင်းခြင်းသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား ဦးစီးဌာနများ၏ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းညွှန်ကြားချက်နှင့် ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်း အကြောင်း သိရှိစေရန် ရည်ရွယ်၍ “ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်း သင်တန်း” ကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်း သင်တန်း” ကို ၂၀၂၄ ခုနှစ်၊  စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ငွေစာရင်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာသိန်း က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၁၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။