ပင်ရင်းနိုင်ငံစည်းမျဉ်း၊ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် သင်တန်းဖွင့်လှစ်ခဲ့သည့်သတင်း

Mon, 06/17/2024 - 08:30 -- DotTrading

ပင်ရင်းနိုင်ငံစည်းမျဉ်း၊ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်

သင်တန်းဖွင့်လှစ်ခဲ့သည့်သတင်း

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ပင်ရင်းနိုင်ငံစည်းမျဉ်း၊ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀:၀၀)မှ (၁၂:၀၀) နာရီထိ တိုးချဲ့ခန်းမ တွင် ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသုမှ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။