Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)
Wednesday Talk ဆွေးနွေးပွဲ
သတင်း (အပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာ နည်တင်က “Implementation of Article 66.2 of the WTO TRIPS Agreement” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။
၃။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်တို့ က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ကဆွေးနွေးပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇာနည်တင်အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က နိဂုံး ချုပ်အမှာ စကားပြောကြားခဲ့ပါသည်။
၄။ အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။