မြင်းခြံခရိုင်တွင် ဆောင်းပဲတီစိမ်းများ ရိတ်သိမ်းပြီးစီး၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ

   မြင်းခြံခရိုင်ရှိ ဒေသခံတောင်သူများသည် ရာသီအလိုက် ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့် ကြက်သွန်တို့ကို အများဆုံး စိုက်ပျိုးပြီး၊ ဆောင်းပဲတီစိမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းလေ့ရှိကြောင်း၊ ဆောင်းပဲတီစိမ်းကို မေလနှင့် ဇွန်လတို့တွင် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ဆောင်းပဲတီစိမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်၌ ၆၁၇၆ ဧက စိုက်ပျိုးထားရှိပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၁၂.၅၈ တင်းဖြင့် စုစုပေါင်း ၇၇၆၇၀ တင်း ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြင်းခြံ၊ နွားထိုးကြီး ဈေးကွက်များမှ တစ်ဆင့် မန္တလေးသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)