မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၁၅၅၂၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၆.၇၀၈)သန်း၊ နယ်စပ်မှ (၁၆၁၂၉.၆၉၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄.၇၅၀)သန်း၊ စုစုပေါင်း (၁၃၁၆၅၂.၃၇၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၁.၄၅၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၀-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၀၁၇၈၅.၅၀၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၈.၀၆၂)သန်း၊ နယ်စပ်မှ (၈၇၂၆.၆၇၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၈၇၇)သန်း၊ စုစုပေါင်း (၃၁၀၅၁၂.၁၇၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၅.၉၃၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၀-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

 

တန်ဖိုး- အမေရိကန်ဒေါ်လာသန်း

စဉ်

အကြောင်းအရာ


ရေတွက်
ပုံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် 
(၁၀-၅-၂၀၂၄) ထိ

ပင်လယ်
ရေကြောင်း

နယ်စပ်

‌​​ပေါင်း

မတ်ပဲ

US$

၁၁၈.၇၂၇

၀.၀၆၂

၁၁၈.၇၈၉

မတန်

၁၂၂၈၅၇.၇၁၃

၆၆.၀၀၀

၁၂၂၉၂၃.၇၁၃

ပဲတီစိမ်း

US$

၅၉.၇၇၈

၀.၀၅၃

၅၉.၈၃၁

မတန်

၉၁၀၆၈.၇၂၀

၆၅.၀၀၀

၉၁၁၃၃.၇၂၀

ပဲစဉ်းငုံ

US$

၄၅.၄၂၆

 

၄၅.၄၂၆

မတန်

၄၁၀၄၀.၅၀၀

 

၄၁၀၄၀.၅၀၀

ကုလားပဲ

US$

၀.၆၆၈

 

၀.၆၆၈

မတန်

၇၄၇.၅၆၁

 

၇၄၇.၅၆၁

ပဲလွန်းဖြူ

US$

၆.၄၀၃

 

၆.၄၀၃

မတန်

၉၈၉၈.၃၉၃

 

၉၈၉၈.၃၉၃

မြေထောက်ပဲ

US$

၄.၄၃၂

၁.၂၂၉

၅.၆၆၁

မတန်

၄၃၂၆.၆၄၉

၁၀၆၉.၀၀၀

၅၃၉၅.၆၄၉

ထောပတ်ပဲ

US$

၆.၆၂၂

၃.၃၃၉

၉.၉၆၁

မတန်

၅၉၂၁.၃၉၀

၃၁၀၂.၅၀၀

၉၀၂၃.၈၉၀

ပဲယင်း

US$

၉.၄၉၈

၀.၇၅၅

၁၀.၂၅၃

မတန်

၁၇၂၂၀.၅၆၆

၁၃၅၈.၉၉၀

၁၈၅၇၉.၅၅၆

ပဲကြီး

US$

၂.၁၁၂

၁.၀၁၈

၃.၁၃၀

မတန်

၂၃၁၀.၂၉၀

၁၁၃၃.၀၀၀

၃၄၄၃.၂၉၀

၁၀

ပဲကတ္တီပါ(စွန်တာနီ)

US$

၀.၄၇၄

 

၀.၄၇၄

မတန်

၇၆၆.၂၂၃

 

၇၆၆.၂၂၃

၁၁

စွန်တာပြာ

US$

၀.၁၈၀

 

၀.၁၈၀

မတန်

၂၈၈.၀၀၀

 

၂၈၈.၀၀၀

၁၂

ပဲကတ္တီပါ(စွန်တာနီ/ပြာ)

US$

 

၀.၀၂၀

၀.၀၂၀

မတန်

 

၃၃.၀၀၀

၃၃.၀၀၀

၁၃

ပဲဖြူလေး

US$

 

 

 

မတန်

 

 

 

၁၄

ဘိုကိတ်ပဲ

US$

၃.၃၈၀

 

၃.၃၈၀

မတန်

၄၉၃၁.၀၀၀

 

၄၉၃၁.၀၀၀

၁၅

ပဲပုတ်စေ့

US$

 

 

 

မတန်

 

 

 

၁၆

ပဲနီကြား

US$

 

၀.၆၁၁

၀.၆၁၁

မတန်

 

၁၀၁၈.၀၀၀

၁၀၁၈.၀၀၀

၁၇

နိုင်လွန်ပဲ

US$

၀.၁၆၁

၀.၃၀၂

၀.၄၆၃

မတန်

၂၅၀.၀၀၀

၄၆၄.၀၀၀

၇၁၄.၀၀၀

၁၈

မြေပဲဆံ

US$

၀.၁၈၂

၀.၄၁၉

၀.၆၀၁

မတန်

၁၃၉.၇၀၀

၃၁၁.၁၈၀

၄၅၀.၈၈၀

၁၉

အခြားပဲ

US$

၀.၀၁၉

၀.၀၆၉

၀.၀၈၈

မတန်

၁၈.၈၀၄

၁၀၆.၀၀၀

၁၂၄.၈၀၄

 

ပဲတင်ပို့မှုစုစုပေါင်း

US$

၂၅၈.၀၆၂

၇.၈၇၇

၂၆၅.၉၃၉

မတန်

၃၀၁၇၈၅.၅၀၉

၈၇၂၆.၆၇၀

၃၁၀၅၁၂.၁၇၉