မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

             မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၀၀.၉) ဒေါ်လာနှုန်းဖြင့် (၂၁၅၄) တန် ၊ တန်ဖိုး (၁.၉၄၀) ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ ရေလမ်းကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃) ရက်နေ့မှ (၂၇)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁)တန်လျှင် (၈၄၀) ဒေါ်လာနှုန်းဖြင့်(၁၁၅၀) တန် ၊ တန်ဖိုး (၀.၉၆၆) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၃၂.၄) တန်၊ (၆၇၁၇၆.၃၂)M2၊  တန်ဖိုး (၀.၁၆၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၁၅၈.၅)တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၆၀၀၀၀)2U၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ စုစုပေါင်း(၁.၂၄၅) ဒေါ်လာသန်းအား  တင်သွင်းနိုင်ခဲ့ပါသည်။