ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၉ ရက်

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ် ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့ တန်ချိန် ၉,၂၀၀  နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန်တင်ပို့ခဲ့သည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ‌အေးရှားဝေါဆိပ်ကမ်း (AWPT-3)မှ သင်္ဘော တစ်စီးသို့ ရေထွက်ကုန်၊ ဆန်၊ ပဲ၊ များတင်ဆောင်လျက်ရှိပါသည်။ အလားတူအေးရှားဝေါဆိပ်ကမ်း (AWPT-3) နှင့် သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) တို့မှ  သင်္ဘော  ၃ စီးဖြင့် ရေထွက်ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေကုန် ပစ္စည်းများ၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားကြောင်း သိရသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇,၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်းမှပြောင်းဖူး​စေ့ တန်ချိန် ,၀၀ တန်၊ ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့ တန်ချိန် ၄၄,၄၀၀ တန်  နှင့် ဆန်တန်ချိန် ၇,၅၀၀ တန်၊ မေလ ၁ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal -TMT 3) မှ ပြောင်းဖူး စေ့တန်ချိန် ၆,၀၅၀ တန်၊  ​မေလ ရက်​နေ့တွင် ယခင်ဗိုလ်​အောင်​ကျော်ဆိပ်ကမ်း (The Myammar Terminal-TMT2) မှ​ပြောင်းဖူး​စေ့တန်ချိန် ၂၇,၅၀၀ တန်၊ Yangon International Gateway Terminal (YIGT) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၉,၄၀၀ တန်နှင့် မေလ ၅ ရက်နေ့တွင် ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ တန်၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(AIPT-1)မှ ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။