တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၃-၄-၂၀၂၄ မှ ၁၉-၄-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၄၅၁၃.၃၉၇) တန်၊ တန်ဖိုး (၁.၀၁၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၄.၇၅၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၃၈.၅၀၀)တန်၊ တန်ဖိုး (၀.၁၅၀) ဒေါ်လာသန်း၊ တံမြက်စည်းမွှေး (၁၅.၉၀၀) တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၁.၂၃၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၉၅၆.၂၅၇) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
 

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၃-၄-၂၀၂၄ မှ ၁၉-၄-၂၀၂၄) တွင် ဓာတ်ဆီ (၅၉၈) BBL ၊ တန်ဖိုး (၀.၀၅၉) ဒေါ်လာသန်း၊ ဒီဇယ် (၂၆၂) BBL ၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၀၁) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၆၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၀၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၀.၄၉၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။