တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက် မှ ၅ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၃၀၆) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၉၉၁) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁.၂၉၇) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၅-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် ထောပတ်သီး(၈၃)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊စက္ကူဖြတ်စ (၃၄) တန် တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်ပလပ်စတစ်ဖြတ်စ(၁၀)တန်၊တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊  စုစုပေါင်း (၀.၀၅၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၂၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
 

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များအဓိကတင်သွင်းလျက်ရှိပြီး (၅-၁၂-၂၀၂၃) ရက်တွင် ကွန်ကရစ်အမိုးပြား (၀.၀၀၆) ဒေါ်လာ သန်း၊ မျက်နှာကျက်ပြား (၀.၀၀၅) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၁၆) ဒေါ်လာသန်း၊ ​ကြွေပြား (၀.၀၂၀) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၁၈) ဒေါ်လာသန်း၊ တာယာ (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ခြင်း (၀.၀၁) ဒေါ်လာသန်း၊ ဖိနပ် (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၀.၀၀၇) ဒေါ်လာသန်း၊ပလပ်စတစ်ဘူးခွံ(၀.၀၀၁)ဒေါ်လာသန်းအပါအဝင်(၀.၁၁၈) ဒေါ်လာသန်းတင်သွင်း ခဲ့ပါသည်။