ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်း များမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။
 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ၁၃ရက်နေ့မှ၁၇ရက်နေ့အထိ ပို့ကုန်တန်ချိန်(၃၈၈၁)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၃.၅၀၃)သန်းနှင့် သွင်းကုန်တန်ချိန်(၅၂၉)၊(၆၁၆)BBL၊ (၇၂၀၀၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၇၅)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ(၃.၈၇၈) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာဆီအုန်းတန်ချိန် (၂၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၈၀၀၀)၊ (၁)တန် ဈေးနှုန်း (၁၀၀)အမေရိကန်ဒေါ်လာ၊ သီဟိုစေ့ တန်ချိန်(၅.၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၉၀၀၀)၊ (၁)တန်ဈေး နှုန်း (၁၈၀၀)အမေရိကန်ဒေါ်လာ၊ငါးချဉ်ပေါင်တန်ချိန် (၉.၀၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၉၃၂.၈၀)၊ (၁)တန်စျေးနှုန်း(၁၃၂၀)အမေရိကန်ဒေါ်လာ၊ကဗျက်ငါးတန်ချိန်(၁၀၂.၆၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၀၈၉၄.၄၀)၊(၁)တန်စျေးနှုန်း(၁၀၈၀)အမေရိကန်ဒေါ်လာ၊ ပလာလန်းငါးတန်ချိန် (၅၂.၇၅၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ(၆၈၅၇၅.၀၀)၊(၁)တန်စျေးနှုန်း(၁၃၀၀)အမေရိကန်ဒေါ်လာ၊ငါးရွှေတန်ချိန်(၅.၀၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၄၁၆.၈၀)၊(၁)တန်စျေးနှုန်း (၁၆၇၀)အမေရိကန်ဒေါ်လာ၊ ငါးပါကင်တန်ချိန် (၅၂၅.၄၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃၃၀၈၁.၃၀)၊(၁)တန်စျေးနှုန်း(၆၃၀)အမေရိကန်ဒေါ်လာ၊ပလာတူးငါးတန်ချိန်(၂၄.၆၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၄၁၂၇.၆၀)၊ (၁)တန်စျေးနှုန်း(၉၈၀) အမေရိကန် ဒေါ်လာ၊ကင်းမွန်တန်ချိန်(၅၂.၅၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၉၁၅၀.၀၀)၊ (၁)တန်စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာ၊ကဏန်းတန်ချိန် (၉.၃၁၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၆၂၁၅.၉၀)၊ (၁)တန်စျေး နှုန်း (၃၈၉၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပသည်။
 

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဓါတ်ဆီတန်ချိန် (၇၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၆၃၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့်တန်ချိန် (၃၄၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၈၃၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း(၅၃၈.၂၃)အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒ ပစ္စည်းတန်ချိန်(၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း(၂၀၀)အမေရိကန် ဒေါ်လာ၊ ဆပ်ပြာအမျိုးမျိုးတန်ချိန် (၁၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၀၀၀.၀၀)၊ (၁)တန်ဈေး နှုန်း (၁)2Uဈေးနှုန်း (၀.၁၂၅) အမေရိကန်ဒေါ်လာ၊ A4 စက္ကူတန်ချိန် (၂၉)တန်၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၄၃၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၁၄၈၂.၇၅) အမေရိကန်ဒေါ်လာ၊ လျှပ်စစ်ဝိုင်ယာကြိုး တန်ချိန် (၉၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၆၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၅၁၁.၁၁)အမေရိကန် ဒေါ်လာ၊လျှပ်စစ်အကာပိုက်လိုင်းတန်ချိန်(၂၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၂၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၄၈၀)အမေရိကန်ဒေါ်လာဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၈-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၂၅.၆၄)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇.၅) ကျပ်ခန့်(၁၇-၁၂-၂၀၂၃)ရက်နေ့နှိုင်းယှဉ်လျှင် (၁) ကျပ်ခန့် ကျဆင်းလျက်ရှိသည်။ စက်သုံးဆီဈေးနှုန်း များအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်တည်ငြိမ် လျက်ရှိသည်။