ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ ဆန်ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင့််တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း (၁၀၀) လျှင် ကျပ် ၂,၉၀၀,၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း (၁၀၀) လျှင် ကျပ် ၂,၀၀၀,၀၀၀ နှင့် ရွှေဘို ပေါ်ဆန်းဆန် (အသစ်) (၂၄) ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် (အဟောင်း) (၂၄) ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ ဧရာမင်းဆန် (အသစ်) (၂၄) ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀၊ ဧရာမင်းဆန် (အဟောင်း) (၂၄) ပြည်ပါ တစ်အိတ်လျှင်ကျပ် ၁၂၅,၅၀၀ နှင့် ရွှေဝါထွန်းဆန် (၂၄) ပြည်ပါ တစ်အိတ်လျှင်ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
 

DOCA (စစ်ကိုင်း)