မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (1-၁-၂၀၂4)ရက်နေ့မှ (8-၁-၂၀၂4) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်(အခြောက်)၊  ကြက်သွန်နီ၊ သတ္တုနှင့်သတ္တုရိုင်းမျာ၊Macadimia၊ငရုတ်(အစို) အခြားရေထွက်ပစ္စည်း၊ ကော်ဖီစေ့နှင့် ဂေါ်ဖီထုပ်များ တင်ပို့ခဲ့ပါသည်။ 
 

              (၁-၁-၂၀၂၄) ရက်နေ့မှ (၈-၁-၂၀၂၄)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ ၊ ငရုတ်(အခြောက်)၊  ငရုတ်(အစို)၊ သတ္တုနှင့်သတ္တုရိုင်းတို့ ဖြစ်ပါသည်။
 

              ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              (၁-၁-၂၀၂၄ မှ ၈-၁-၂၀၂၄) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ(0.909) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (0.378) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၃၀၄)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၂၉၄) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၂၃၄) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၂၆၄)ဒေါ်လာသန်း၊ ချည်ထည်များ(0.200) ဒေါ်လာသန်း၊ ‌မီးဖိုချောင်သုံးပစ္စည်းများ (၀.၂၁၁)ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၁၇၇)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၆၀)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

              (၁-၁-၂၀၂၃ မှ ၈-၁-၂၀၂၄)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(ခြောက်)  (၁)တန်လျှင် (၁၅၉၇.၁၉၂) ဒေါ်လာဖြင့် (၂၃၄.၁၆) တန်၊ (၀.၃၇၄) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၆၁၈.၈၉) ‌ဒေါ်လာဖြင့်(၂၁၁၉.၉၂၀)တန် (၁.၃၁၂)ဒေါ်လာသန်း၊ ကော်ဖီစေ့ ၁တန်လျှင် (၄၃၄၇.၂၂၂)ဒေါ်လာဖြင့် (၇၂)တန်လျှင် (၀.၃၁၃)ဒေါ်လာသန်း၊‌ဂေါ်ဖီထုပ် ၁ တန်လျှင် (၂၀၀) ဒေါ်လာဖြင့်(၆၀)တန် (၀.၀၁၂)ဒေါ်လာသန်း၊ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၂၉.၄၁၇) ဒေါ်လာဖြင့် (၂၂၄.၆၉၃)တန် (၀.၀၄၇)ဒေါ်လာသန်း၊သတ္တုနှင့်သတ္တုရိုင်းများ(၁)တန်လျှင် (၂၀၈၅.၉၃၈) ဒေါ်လာဖြင့် (၁၂၈) တန် (၀.၂၆၇)ဒေါ်လာသန်း၊ ပုဇွန် (၁)တန်လျှင် (၁၀၀၀၀)ဒေါ်လာဖြင့် (၀.၁၀၀)တန် (၀.၀၀၁) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၂၂၄၇.၇၅၂)ဒေါ်လာဖြင့် (၁၂.၀၁)တန် (၀.၂၇)ဒေါ်လာသန်း၊ MACADIMIA (၁)တန်လျှင် (၁၁၀၁.၆၉၅)ဒေါ်လာဖြင့် (၅၉)တန် (၀.၀၆၅)ဒေါ်လာသန်း၊နှင့် ငါးမျိုးစုံ (၁)တန်လျှင် (၈၄၃.၈၈)ဒေါ်လာဖြင့် (၄.၇၄၀)တန် (၀.၀၀၄)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ မှ ဇန်နဝါရီ 8ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (3.090) ကန်ဒေါ်လာသန်း၊ သွင်းကုန် (6.870) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (9.960) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။