မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်နေ့မှ ( ၉ ) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၀၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၄၇)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။
 

             မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၈ ) ရက်နေ့မှ ( ၉ ) ရက်နေ့ အထိ အဓိက တင်ပို့ ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၆.၃၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈၃)သန်း၊ ဂျင်းခရု (အရှင်) (၇.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၉)သန်း၊ ဂဏန်း (အသေ) (၈.၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁)သန်း၊ ရေခူဆားနယ်  (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၉)သန်း၊ ရေချိုပုစွန်  (၀.၃၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၂)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၃၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၇)သန်း၊ ပုစွန်ငါးပိ (၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉၇)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၈)သန်း၊ ငရုတ်သီးစိမ်း (၅၀.၆၄၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၂) သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄၈.၅)တန်၊ တန်ဖိုး ကန် ဒေါ်လာ (၀.၀၁၂)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၂၂၇.၃၁) ဒေါ်လာနှုန်း၊ (၉၆.၃၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈၃)သန်း၊ ဂျင်းခရု (အရှင်) (၁၅၂၅.၆၄) ဒေါ်လာနှုန်း၊ (၇.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၉) သန်း၊ ဂဏန်း (အသေ) (၁၁၉၀.၄၈) ဒေါ်လာနှုန်း၊ (၈.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁) သန်း၊ ရေခူဆားနယ် (၁၉၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေချိုပုစွန် (၉၁၄၂.၈၆) ဒေါ်လာနှုန်း၊ (၀.၃၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၂) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၄၈၅၇.၁၄) ဒေါ်လာနှုန်း၊ (၀.၃၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၇) သန်း၊ ပုစွန်ငါးပိ (၁၇၆၃.၆၄) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၇) သန်း၊ ငှက်ပျောသီး (၃၁၆) ဒေါ်လာနှုန်း၊ (၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၈)သန်း၊ ငရုတ်သီးစိမ်း (၈၁၅.၁၈) ဒေါ်လာနှုန်း၊ (၅၀.၆၄၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၂) သန်း ဖြစ်သည်။
 

              မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၂၄၇.၄၂) ဒေါ်လာနှုန်း၊ (၄၈.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

              မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၀၉-၀၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။