မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/ သွင်းကုန်တင်ပို့နိုင်မှုအခြေအနေ

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့
 

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ ဇန်နဝါရီလ (၁၆)ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့်တစ်တန်လျှင် (၉၁၈)ဒေါ်လာနှုန်းဖြင့် (၉၄၅)တန်၊ တန်ဖိုး (၀.၈၆၇) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၂) ဒေါ်လာနှုန်းဖြင့် (၁၈)တန်၊ တန်ဖိုး (၀.၀၃၄)ဒေါ်လာသန်း အား မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၉၀၁)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။
 

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ တစ်တန်လျှင် (၈၄၂) ဒေါ်လာနှုန်းဖြင့် (၄၀၀) တန် ၊ တန်ဖိုး (၀.၃၃၇) သန်း၊ ဓါတ်ဆီ တစ်တန်လျှင် (၈၉၂) ဒေါ်လာနှုန်းဖြင့် (၆၂၅) တန် ၊ တန်ဖိုး (၀.၅၅၇) သန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၈၉၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ တစ်လီတာ (၂၉၀၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၉၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၈.၃)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။