တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 02/07/2024 - 09:23 -- DotBorderdep

             တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ၅ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၆၅၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၈၉၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁.၅၅၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၅-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၄၉၁.၆၂၈) တန်၊တန်ဖိုး(၀.၁၁၆) ဒေါ်လာသန်း၊ထောပတ်သီး (၁၃၀.၅) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ကြက်သွန်နီ (၃၄)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၁၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၃၄)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၂၂၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၅-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၅-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၀၃၀) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၉၅)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၀၉) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၅) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၇) ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၁၅)ဒေါ်လာသန်းအပါအဝင် (၀.၄၀၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages