လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Wed, 02/07/2024 - 09:18 -- DotBorderdep

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၄-၂-၂၀၂၄) မှ (၅-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၆၂.၅၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၁၁၃)ဒေါ်လာသန်း၊ ကြက်သွန်နီ(၉၇.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၉) ဆီးခွဲခြမ်း (၃၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ငရုတ်ခြောက်(၁၅.၅၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ဂျင်းခြောက် (၀.၅၅၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ဖရဲသီး (၁၁၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်း၊ ကြံ(၅၇၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၁၃၈.၀၀၀)တန်၊ တန်ဖိုး(၀.၃၈၄)ဒေါ်လာသန်း၊ ဆီးဇံ(၂၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခ မှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင်သံ(၁၃၈.၄၂၀)တန်၊ တန်ဖိုး(၀.၀၉၄)ဒေါ်လာသန်း၊ ဂျပ်ဖာ(၅၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ကုန်စုံ (၃၅၆.၉၀၀)တန်၊(၂၇၆၇၄)U၊ (၂၀၀) PAIR၊ တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်း၊ စက္ကူ(၁၈.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ သံပိုက်(၁၈.၇၀၀) တန်၊ (၂၀၀) PAIR (၀.၀၁၃)ဒေါ်လာသန်း၊ စက္ကူလိပ်(၆.၅၀၀)တန်၊ တန်ဖိုး(၀.၀၀၂) ဒေါ်လာသန်း၊ ပိုက်ဆက်(၂၂.၇၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ဆေး (၆၂၃၀၀)U ၊တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ပိုက် (၇.၃၀၀)တန်၊ (၃၀)U၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ ပလပ်စတစ် (၁၉.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၉၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၃-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၅-၂-၂၀၂၄ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Border Trade News

Pages