မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 02/01/2024 - 04:02 -- DotBorderdep

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂၈-၁-၂၀၂၄) ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ၊ ကြက်သွန်နီ၊ ငရုတ်(ခြောက်)၊ ငရုတ် (အစို)တင်ပို့ခဲ့ပါသည်။

              ၂၈-၁-၂၀၂၄  ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ၊ကြက်သွန်နီ၊ ငရုတ်(ခြောက်)၊ ငရုတ် (အစို)ဖြစ်ပါသည်။

              ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၂၈-၁-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၃၃၈) ဒေါ်လာသန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၂၁၉) ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ(၀.၀၉၈)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၈၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၈၃)ဒေါ်လာသန်း၊ ၊ တာယာနှင့်ကျွတ်များ (၀.၀၅)ဒေါ်လာသန်း၊ ဆပ်ပြာများ (၀.၀၅၃) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၂၃) ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၂၁) ဒေါ်လာသန်းနှင့်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၀၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ၂၈-၁-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ (၁)တန်လျှင် (၉၅၂.၃၈၁) ဒေါ်လာဖြင့် (၃၁.၅) တန် (၀.၀၃)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁) တန်လျှင် (၄၆၃.၀၈၃)ဒေါ်လာဖြင့် (၄၈၁.၅၅၅) တန်၊ (၀.၂၂၃) ဒေါ်လာသန်း၊ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၅၁.၃၁၇) ဒေါ်လာဖြင့် (၇၉.၇) တန် (၀.၀၂၈) ဒေါ်လာသန်းနှင့်ငရုတ်(ခြောက်) ၁တန်လျှင် (၁၅၄၆.၃၉၂) ‌ဒေါ်လာဖြင့် (၇၁.၇၈) တန် (၀.၁၁၁) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ၂၈ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၄၅၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၄.၇၆၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၅.၂၂၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages