မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 01/23/2024 - 04:33 -- DotBorderdep

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများဆောင်ရွက်လျှက်ရှိရာ (၁၉-၁-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (ခြောက်)နှင့် ကြက်သွန်နီ ၊ မြေပဲ (အစို)နှင့် ငါးမျိုးစုံများ တင်ပို့ခဲ့ပါသည်။

              (၁၉-၁-၂၀၂၄) ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(ခြောက်) ၊ မြေပဲ (အစို)၊ ကြက်သွန်နီနှင့် ငါးမျိုးစုံများဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              (၁၉-၁-၂၀၂၄) ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း (၀.၃၂၆) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၂၀၄) ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (၀.၀၁၉)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၁၄၄)ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၀.၁၄၃)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း (၀.၀၈၂) ဒေါ်လာသန်း၊ ဘတ္ထရီများ(၀.၀၄၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်း (၀.၀၃၈) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၀)ဒေါ်လာသန်းနှင့် ချည်ထည်များ (၀၀၂၃) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်တွင် တစ်ဘတ်လျှင် (၉၈.၅၂)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

              (၁၉-၁-၂၀၂၄)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲ (အစို)  (၁) တန်လျှင် (၉၄၂.၅၆၃) ဒေါ်လာဖြင့် (၁၆.၉၇၅) တန်၊ (၀.၀၁၆) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၆၂၇.၂၄၀) ‌ဒေါ်လာဖြင့်(၁၇၈.၅၆) တန် (၀.၁၁၂) ဒေါ်လာသန်းနှင့် ငရုတ်သီး (ခြောက်)  ၁တန်လျှင် (၁၁၇၆.၄၇၁)ဒေါ်လာဖြင့် (၁၅.၃၀)တန်လျှင် (၀.၀၁၈)ဒေါ်လာသန်းနှင့်ငါးမျိုးစုံ(၁)တန်လျှင် (၁၆၅၂.၈၉၃)ဒေါ်လာဖြင့် (၃.၀၂၅)တန် (၀.၀၀၅)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၇.၀၆၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၀.၇၅၀) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၇.၈၁၉) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages